✨ Soul , Spirit & Body ✨

ကျွန်တော် အရမ်းသိချင်ခဲ့တဲ့ မေးခွန်း တစ်ခုရှိပါတယ် လူ ဆိုတာ ဘာလဲ ၊ ဘယ်လိုအရာမျိုးလဲ ၊ ဘာလို့ လူဖြစ်နေရတာလဲ စတဲ့မေးခွန်းတွေပေါ့ ။ ဘာလို့လဲဆိုရင် ပုံမှန်ထက် ကျွန်တော့် ခေါင်းထဲမှာလို့ ထင်ရတဲ့ အသံတစ်ခုက အမြဲမေးခွန်းတွေထုတ်နေလို့ပါပဲ ။ ကျွန်တော်က မေးခွန်း တစ်ခုအတွက် အဖြေမရမချင်း သိချင်စိတ်ပြင်းပြတဲ့ လူထဲမှာပါပါတယ် ။ ‌ကျွန်တော် spiritual ဘက်ကို လိုက်ဖြစ်တော့ ကျွန်တော်သိချင်သမျှ မေးခွန်းတွေ တိုင်းအတွက် အဖြေဟာ တောက်လျှောက်ရလာပါတယ် ။ Spiritual ဆိုတာက အဆုံးမရှိတဲ့ ခရီးစဉ်တစ်ခုနဲ့ တူပါတယ် သူရဲ့ ဖြစ်စဉ်တွေက ပြီးဆုံးသွားတယ်ဆိုတာ မရှိပဲ မေးခွန်းတစ်ခုအတွက် အဖြေရလေ နောက်ထပ် သိချင်တဲ့ မေးခွန်းတွေထပ်ရောက်လာလေ ပါပဲ ။
အခုတစ်ခေါက်မှာတော့ ကျွန်တော်က လူ လို့ သတ်မှတ်ထားတဲ့ သတ္တဝါအကြောင်း ကျွန်တော် သိသလောက်လေး အနည်းငယ် sharing ပြန်လုပ်ပေးပါ့မယ် ။

လူ လို့ပြောရမယ်ဆိုရင် ပထမဆုံး ကျွန်တော်တို့က ၃ ခုသောအရာတွေနဲ့ ဖွဲ့စည်းထားပါတယ် ။ စိတ်ဝိဉာဉ် ( soul ) ၊ ရုပ်ဝိဉာဉ် ( spirit ) ၊ ခန္တာကိုယ် ( body ) ဒီ ၃ မျိုးနဲ့ ဖွဲ့စည်းထားပါတယ် ။ ခန္တာကိုယ်ဆိုတာကို ထပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခန္တာကိုယ်က သေးငယ်တဲ့ အဏုမြူမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်ကလာပ်အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ် ။ ပြီးရင် spirit ဆိုတဲ့ နာမ်နဲ့ ပေါင်းထားပါသေးတယ် ။ ကျွန်တော်တို့ အိပ်စက်အနားယူထဲအခါမှာ ခန္တာကိုယ်ထဲက နာမ်ဝိဉာဉ်က ထွက်လာပါတယ် ။ soul ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ ပါပဲ ။

လူ ဆိုတာ ဘယ်ကစသလဲ မေးလိုက်ရင်တော့ ဒီစကြာ၀ဠာကြီးရဲ့ အစမှာရှိတဲ့ မူလ soul တစ်ခုကနေ စတယ်လို့လဲ ဆိုကြပါတယ် ။ အဲ့ဒီ့မူလ soul ကိုတော့ ကျွန်တော် တို့က နာမည် အမျိုးမျိုး ခေါ်ကြတယ် ဖန်ဆင်းရှင် ၊ ဘုရားသခင် ၊ ဗြဟ္မာ စသဖြင့် ပေါ့ ။ မူလ soul ဟာ သန့်စင်ပြီး မြင့်မြတ်တယ်လို့လဲ ယုံကြည်ကြပါတယ် ( ဒီအကြောင်းကိုတော့ အမှန်တိုင်းပြောရရင် ကျွန်တော်လဲ Shaman မဟုတ်တော့ သိပ်မပြောတတ်ပါဘူး ဒါပေမယ့် ဒါဟာ အဖြစ်နိုင်ဆုံး ပါပဲ )

Soul ဆိုတဲ့ Animation ကားလေးကို လူတော်တော်များများကြည့်ဖူးကြမှာပါ ။ ကမ္ဘာကိုလာဖို့အတွက် soul တွေဟာ သူတို့နဲ့ ကိုက်ညီတဲ့ အရာတွေကို ရှာဖွေရပါတယ် ။ ပြီးမှ ကမ္ဘာဆီလာခွင့်ရတယ်ပေါ့ ။ ကျွန်တော်တို့ အားလုံးဟာ လူအဖြစ်ကို မရောက်ခင်မှာ soul လေးတွေဖြစ်ပါတယ် ။ ဒါ့အပြင် soul တွေဟာ လူ့ဘ၀ကို မရောက်ခင်မှာ ကိုယ်နဲ့ကြုံရမယ့် သူတွေနဲ့ အရင်တွေ့ကြုံခဲ့ပြီးသား ဖြစ်ပါတယ် ပြောရရင် ခင်ဗျားရဲ့ အဖေကဏ္ဍမှာ ပါ၀င်မယ့် soul အမေကဏ္ဍမှာ ပါ၀င်မယ့် soul ၊ မောင်နှမဖြစ်လာမယ့်သူ ၊ ရည်းစားဖြစ်လာမယ့်သူ ၊ ယူရမယ့်သူ စသဖြင့် အဲ့ဒီ့ soul တွေနဲ့ ခင်ဗျားဟာ လူ့ဘ၀ကို မရောက်ခင်မှာ တွေ့ကြုံခဲ့ရပြီးသား ဖြစ်ပါတယ် ။ ဒါ့ကြောင့်လဲ မြင်မြင်ချင်း ရင်းနှီးတယ် တွေ့ဖူးတယ်ဆိုတဲ့ ခံစားချက်တွေ ခဏခဏ ရဖူးကြမှာပါ။

ဗုဒ္ဓမြတ်စွာက ဟောခဲ့ပါတယ် လူ ဆိုတာ ကံ၊ကံရဲ့ အကျိုးကြောင့် ဖြစ်လာရတယ် လူဖြစ်ရတဲ့ဘ၀ဟာ အမြင့်မြတ်ဆုံးလို့ ဟောခဲ့ပါတယ် ။ ကျွန်တော်တို့ အားလုံးဟာ soul တွေဖြစ်ပါတယ် ။ နိဗ္ဗာန်ဆိုတာကို ခင်ဗျားတို့ ခဏခဏ ကြားဖူးပေမယ့် ဘာလဲဆိုတာ အတိအကျ မသိလို့ မရှိဘူးလို့ပဲ ယူဆကြမှာပါ ကျွန်တော်လဲ အရင်က မရှိဘူးလို့ပဲ ထင်ခဲ့ပါတယ် ။ ဘာလို့လဲ မေးရင် အမတ လို့ ခေါ်တဲ့ နိဗ္ဗာန်ဟာ ဘာမှမရှိတဲ့ နေရာဖြစ်လို့ပါပဲ ။ ဘယ်အရာတွေ မရှိတာလဲ မေးရင်တော့ ဒုက္ခတွေမရှိတာပါ ။ ကျွန်တော်တို့အကုန်လုံးဟာ လူဖြစ်ရတဲ့အခါမှာ ပူပန်ရတယ် ၊ ၀မ်းနည်းရတယ် ၊ ပျော်ရွှင်ရတယ် ၊ ဆင်းရဲရတယ် ၊ ချမ်းသာရတယ် စသဖြင့် အဲ့ဒီ့ ခံစားချက်တွေ အားလုံးဟာ ဒုက္ခတွေပါပဲ ။ အဲ့အရာတွေ ဘယ်ကနေလာတာလဲဆိုရင်တော့ soul လို့ခေါ်တဲ့ စိတ်ဝိဉာဉ်ကနေ ဖြစ်တည်လာခြင်းတွေပဲ ဖြစ်ပါတယ် ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ soul တွေဟာ ဒီအရာတွေရှိနေသ၍ မသန့်ရှင်း ၊ မမြင့်မြတ်ဘူး လို့ ယူဆနိုင်ပါတယ် ။ အမတ လို့ ခေါ်တဲ့ နိဗ္ဗာန် ကို ရောက်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ soul တွေဟာ သန့်စင်ပြီး မြင့်မြတ်ဖို့ လိုပါတယ် ။ အမတ ကို ရောက်နိုင်မယ့် ဘ၀ကလဲ လူ့ဘ၀ကနေပဲ ရောက်နိုင်ပါတယ် ဒါကြောင့် ဗုဒ္ဓမြတ်စွာက လူ့ဘ၀ဟာ ရခဲလှပြီး မြင့်မြတ်တယ်လို့ ဟောခဲ့တာပါ။ ဒါ့အပြင် အမတ ကို ရောက်ဖို့အတွက် enlightenment လို့ခေါ်တဲ့ ဉာဏ်အလင်း ရဖို့လိုပါတယ် ဒီလိုရဖို့ကလဲ လူ့ဘ၀ကနေပဲ ရနိုင်တာပါ။ enlightenment ဘယ်လိုရနိုင်လဲမေးရင်တော့ ပထမဆုံး Spiritual Awakening ဖြစ်ဖို့လိုအပ်ပါတယ် အဲ့ဒါပြီးရင်တော့ ဘာမှလုပ်စရာမလိုပဲ enlightenment ဟာ ရလာပါလိမ့်မယ် ။

Soul ဆိုတာဟာ လူမှာပဲဖြစ်တည် လာတာလားလို့ မေးရင်တော့ သတ္တဝါတိုင်းမှာ soul ရှိပါတယ် ။ ကျွန်တော်တို့ဟာ လူအဖြစ်ကို မရောက်ခင် ကြက် ၊ ၀က် ၊ ဘဲ စတဲ့ သတ္တဝါမှန်သမျှဖြစ်ဖူးမှာပါ ဒါ့အပြင် လူအဖြစ်ကိုလဲ ခဏခဏ ရခဲ့ဖူးမှာပါ ကျွန်တော်တို့ မမှတ်မိတာပဲရှိပါတယ် ။ ‌ထပ်ပြောရမယ်ဆိုရင်တော့ အမတ ကို မရောက်မချင်း ကျွန်တော်တို့ဟာ သံသရာမှာ ဘ၀ပေါင်းများစွာ အနေနဲ့ အဖန်တလဲလဲ ထပ်ကျင်လည်နေဦးမှာပဲ ဖြစ်ပါတယ် ။ spirit ရော body ရော နှစ်ခုလုံးက ပြိုကွဲပျက်စီးနိုင်ပေမယ့် soul ကတော့ မပြိုကွဲ မပျက်စီးသွားပါဘူး ။ ဒါကြောင့်လဲ soul ကို အရင်းပြုပြီး ကိုယ်ပြုလုပ်တဲ့ ကောင်းမှု ၊ မကောင်းမှုအလိုက် သံသရာမှာ အဖန်တလဲလဲ ပြန်လည်မွေးဖွားနေခြင်းပဲ ဖြစ်ပါတယ် ။

ကျွန်တော်တို့ရဲ့ soul ဟာ ဘယ်လိုပုံစံလဲဆိုတာကို ခင်ဗျားတို့ သိချင်ကြမှာပေါ့ အရှေ့က ပြောခဲ့သလို soul ဆိုတာ emotion ဖြစ်ပါတယ်။ အနီးစပ်ဆုံး မြင်အောင်ပြောပြရမယ်ဆိုရင် Yin & Yang ပုံစံလေးပါပဲ soul ဟာ အကောင်းရော အဆိုးရော နှစ်ခုလုံးတည်ရှိနေတာပါ ။ ကောင်းတာတွေ တွေးမိအောင် လှုံဆော်နိုင်သလို မကောင်းတာတွေ လုပ်မိအောင်လဲ လှုံ့ဆော်နိုင်ပါသေးတယ် ။ နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ရုပ်ခန္တာ ( body ) ၊ နာမ် ( spirit ) နှစ်ခုလုံးဟာ ပျက်စီးနိုင်ပါတယ် ။ soul ဟာ ကျွန်တော်တို့ ခေါင်းထဲမှာရှိနေတဲ့ ဝံပုလွေ နှစ်ကောင်ပါပဲ သူတို့ဟာ အချိန်တိုင်း တိုက်ခိုက်နေကြတယ် ဘယ်သူနိုင်မလဲ ဆိုတာကတော့ခင်ဗျားအနေနဲ့ ဘယ်သူ့ကို အစာကျွေးမလဲ ဆိုတာပဲ မူတည်ပါတယ် ။ ဒီလောက်ဆိုရင် လူ အကြောင်းကို အနည်းငယ်လောက် သဘောပေါက်မိလောက်ကြမှာပါ။ ဒုက္ခတွေ ချုပ်ငြိမ်းရာ ဖြစ်တဲ့ အမတ ကိုရောက်ရှိနိုင်ကြပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျ ။

✨ နေညွှန်းစာ ၊ လညွှန်းစာ ( စာဖို၊စာမ ) ✨

အင်း ၊ စမ စသဖြင့် လောကီအစီအရင်တွေ အခေါ်အဝေါ်တွေကို ကြားဖူးကြသူတွေ၊လေ့လာနေကြတဲ့ သူတွေရှိပါလိမ့်မယ် ။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်က စမ ( စာမ ) အကြောင်း ပြောပြချင်ပါတယ် ။
သုပညာနဂရဆိန္နမင်းလက်ထက် သာသနာ သက္ကရာဇ် (၆၂၉) ခုနှစ်တွင် ဥတ္တရသီရိ မထေရ် စီရင်သည်ဟု ဆိုသော ကပ္ပါလင်္ကာရ ကျမ်း အလိုအရ မြန်မာ အက္ခရာတို့တွင် စာဖို နှင့် စာမ ဟူ၍ အက္ခရာ နှစ်မျိုး ရှိသည်ဟု ဆိုသည်။ ဂဠုန် ငှက်ဟု အမှတ်သညာပြုကြသော နေမင်းက ညွှန်းဆိုသည့် အက္ခရာများသည် စာဖိုအက္ခရာများဖြစ်ကြ၍ ကရဝိက် ငှက်ဟု အမှတ်သညာ ပြုကြသော လမင်းက ညွှန်းဆိုသည့် အက္ခရာများသည် စာမအက္ခရာများ ဖြစ်ကြသည်။ စာဖိုကို စဖို ဟူ၍လည်းကောင်း၊ စာမကို စမ ဟူ၍လည်းကောင်း အသံထွက်လေ့၊ ရေးလေ့ ရှိကြသည်။

နေဟာ တစ်နေ့ကို အက္ခရာ သုံးကြိမ်ပြလေ့ရှိပြီး နေညွှန်းစာ လို့ ခေါ်ဆိုပါတယ် ။

နေထွက်စ ( ဂ ) ငယ်ပုံ
မွန်းတည့် ( ၀ ) လုံး ပုံ
နေ၀င် ( ဂ ) ပုံ စသဖြင့် သုံးမျိုး ပြပါတယ် ။

လဟာ တစ်လကို အက္ခရာ ငါးကြိမ်ပြပြီး လညွှန်းစာလို့ ခေါ်ဆိုပါတယ် ။

လဆန်း ၃ရက် ( ဂ ) ငယ်ပုံ
လဆန်း ၈ရက် ( ဓ ) အောက်ခြိုက်ပုံ
လပြည့် ( ၀ ) လုံး ပုံ
လဆုတ် ၈ရက် ( ဗ ) ထက်ခြိုက်ပုံ
လကွယ်ခါနီး ( ပ ) စောက်ပုံ ဆိုပြီး ငါးမျိုး ပြပါတယ် ။

စမ (စာမ) အက္ခရာများမှာ မူလ စမ အက္ခရာ နှင့် ဓာတ်စမ အက္ခရာ ဟူ၍ နှစ်မျိုးရှိပါတယ်။
မူလစမ အက္ခရာတို့က ကာယ၊ သုခ၊ ပီယ၊ ဓနဟူသော သိဒ္ဓိ လေးပါးကို ပြီးမြောက်စေနိုင်ပြီး ဓာတ်စမ အက္ခရာများကား ဓနနှင့် ပီယဟူသော သိဒ္ဓိနှစ်ပါးကို ပြီးမြောက်စေနိုင်သည်။
ရှေးဆရာကြီးတွေက နေ၊ လ ပြ အက္ခရာများ၊ မူလ အက္ခရာများကို ယူ၍ (စ ဓ ဗ ဝ) ကာယ၊ သုခ၊ ပီယ၊ ဓန၊ သိဒွိကြီး ၄-ပါးကို စီရင်ခဲ့ကြပြီး သေချာကျင့်သုံးနိုင်ရင်ဖြင့် ထွက်ရပ်ပေါက် နိုင်ပါတယ် ။

လမင်းသည် မူလအက္ခရာ တစ်လုံး၊ ဘူတအက္ခရာ ၄ လုံး စုစုပေါင်း (၅) လုံးကို တစ်လလျှင် (၅) ကြိမ်ပြသည်။ လဆန်း ၃၊ ၄ ရက်တို့တွင် လ၏သဏ္ဌာန်သည် “ဂ” အက္ခရာနှင့် တူ၏။ ယင်း “ဂ” အက္ခရာသည်ပင် လမင်းပြသော ဘူတ အက္ခရာဖြစ်သည်။ လဆန်း (၈) ရက်ခန့် ရောက်သောအခါ “ဓ” အက္ခရာပုံ မြင်ရသည်။ လပြည့်နေ့တွင်ကား လ၏အဝန်းကို အကုန်အစင် တွေ့ရသဖြင့် “ဝ” အက္ခရာ သဏ္ဌာန် ဖြစ်သည်။ လဆုတ် (၈) ရက်ခန့်တွင် လသည် “ဗ” အက္ခရာနှင့် တူ၍ လကွယ်ခါနီးတွင် “ပ” အက္ခရာသဏ္ဌာန် တွေ့မြင်ရ၏။ ယင်းသို့အားဖြင့် လမင်းပြသော အက္ခရာများမှာ “ဝ” အက္ခရာဟူသော မူလအက္ခရာ တစ်လုံးနှင့် ဂ၊ ဓ၊ ဗ၊ ပ ဟူသော ဘူတ အက္ခရာ (၄) လုံးဖြစ်သည်။

လမင်းပြသည့် အက္ခရာ (၅) လုံးတွင် အစအက္ခရာ (၂) လုံးဖြစ်သော (ဂ၊ ဓ) နှင့် အဆုံးအက္ခရာ နှစ်လုံးဖြစ်သော ( ပ၊ ဗ ) တို့ သဘောချင်း တူညီကြသည်ဟု ဆိုသည်။ အကြောင်းကား “ဂ” ကို လှန်လျှင် “ပ” ဖြစ်၍ “ဓ” ကိုလှန်လျှင် “ဗ” ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းအက္ခရာ (၅) လုံးတို့မှ “ဂ” နှင့် “ဗ” နှစ်လုံးကို ပယ်လျှင် ( ပ၊ ဝ၊ ဓ ) ဟူ၍ အက္ခရာ (၃) လုံးသာ ကျန်၏။ နေမင်းမှ အက္ခရာနှင့် လမင်းမှ အက္ခရာတို့ကို ပေါင်းလျှင် ( က၊ ဂ၊ ပ၊ ဝ၊ ဓ ) အက္ခရာ ငါးလုံး ရပြန်၏။ ထိုအက္ခရာ ငါးလုံးတွင် ဘူတ အက္ခရာများဖြစ်သော “က၊ ပ၊ ဓ ” အက္ခရာ သုံးလုံးကို အထက်အောက် လှန်လိုက်၍ ပြန်ပေါင်းလျှင် “ က၊ ပ၊ ဓ၊ ယ၊ ဂ၊ ဗ ” ဟူသော အက္ခရာ ခြောက်လုံး ရ၏။ မူလ အက္ခရာ “ဝ” နှစ်လုံး ပေါင်းလျှင် ရှစ်လုံး ရ၏။ ယင်းအက္ခရာ ရှစ်လုံးကို အထက်အောက် တန်းစီ၍ ထားလျှင် အောက်ပါအတိုင်း ရ၏ –

က၊ ပ၊ ဓ၊ ဝ
ယ၊ ဂ၊ ဗ၊ ဝ
ယင်းအက္ခရာ ရှစ်လုံးကို နံသင့်ကောက်၍ ပေါင်းလျှင် (၃၃) ရ၏။

က၊ ပ၊ ဓ၊ ဝ = ၂+၅+၇+၄ = ၁၈
ယ၊ ဂ၊ ဗ၊ ဝ = ၄+၂+၅+၄ = ၁၅
၃၃
ထို့ကြောင့် က၊ ပ၊ ဓ၊ ဝ၊ ယ၊ ဂ၊ ဗ၊ ဝ ဟူသော အက္ခရာ ရှစ်လုံးတို့သည် အတုမရှိသော အကျိုးကို ပေးစွမ်းနိုင်သည့် စမလေးလုံးတို့ကို ကောက်ယူရာ၊ကောက်ယူကြောင်းဖြစ်သည့် အခြေခံများ ဖြစ်သည်ဟု အဆို ရှိလေသည်။

နေပြည်တော် ၊ လယ်ဝေးမြို့နယ် သာ၀တ္ထိ ကျေးရွာ အုပ်စုမှာ စမတောင် ဆိုပြီး ရှိပါတယ် ။ မြန်မာသက္ကရာဇ် ၁၃၀၅ ခုနှစ် ဝါဆိုလပြည့်ကျော် နံနက်ပိုင်းမှာ ယခု စမတောင်လို့ ခေါ်ဆိုကြတဲ့ တောင်ထိပ်မြေကွက်လပ် မှာ စဓဗ၀ အက္ခရာ များနဲ့ အတူ က မှ အ အထိ အက္ခရာတွေ ထူးခြားစွာ အလိုအလျှောက်ပေါ်ပေါက်ခဲ့ပြီး အက္ခရာတွေက လင်ဗန်းအကြီး တစ်ချပ်စာလောက်ရှိပါတယ် ။ လက်နဲ့ဖျက်ကြည့်သော်လည် တစ်ခဏအတွင်းပြန်လည်ပေါ်လာတာမျိုး ဓားနဲ့ခြစ်ဖျက်ကြည့်သော်လည်း ပေါ်မြဲပေါ်လျှက်ရှိခဲ့ပါတယ် ။ ဒါ့အပြင် တောင်ပေါ်မှာသာ မကပဲ တောင်စောင်းရှိ ဖရုံသီးများ၊ ဝါးပင်များ၊ ညောင်ပင်များ၏ ပင်စည်များ၊ အရွက်များပေါ်တွင်ပါ ပေါ်ပေါက်ခဲ့ပြီး ကမ္မဌာန်းကျောင်းနံရံများပေါ်တွင်ပါ ထူးခြားစွာပေါ်ခဲ့ပါတယ်။ထိုအချိန်က တစ်ပါးတည်းရှိသော ဦးပဥ္စင်းဦးကဝိ၏ ခန္ဓာကိုယ်ပေါ်တွင်ပါ စမ အက္ခရာများ အံ့အားသင့်ဖွယ် ပေါ်ပေါက်ပြန့်နှံ့ခဲ့ပါတယ် ။

အက္ခရာများမှာ တစ်လုံးချင်းသာမက
စဓဗဝ လေးလုံးထပ်များ၊ တဝမ်းပူ အထပ်များ အမျိုးစုံတွေ့ကြရပြီး စမအက္ခရာများမှာ လအတန်ကြာမပျက်ဘဲ ပေါ်နေသည့်အတွက် ရပ်နီးရပ်ဝေးမှ လာရောက်ကြည့်ရှုသူများ အလွန်များပြားလှသဖြင့် စမများကို ရာဇမတ်များဖြင့် ကာရံပြသထားခဲ့ရပါတယ်။ စမအက္ခရာများ အလိုအလျောက် ပေါ်ထွက်ကာ နှစ်ဆတိုး၍ စမတန်ခိုးပြခဲ့သော ဖြစ်ရပ်ဆန်းကြောင့် စမတောင်ဟု ခေါ်တွင်ခြင်းပဲဖြစ်ပါသည်။ စမအက္ခရာများ ပေါ်ပေါက်ခဲ့သော ပတ်ဝန်းကျင်တောင်ကုန်းပေါ်၌ (၁၃ဝ၅)ခုနှစ်မှစတင်ကာ တန်ဆောင်မုန်းလပြည့်နေ့ညရောက်တိုင်း ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြပါတယ်။

သက္ကရာဇ် (၁၃ဝ၉) ခုနှစ်၊ ကဆုန်လဆန်း(၁ဝ) ရက်တွင် ဓမ္မဝိဇ္ဇာ ပါရမီလမ်းစဉ်ဆရာကြီးများဖြစ်သော ဦးသာနွဲ့နှင့် ဦးဘိုးလူတို့မှ ဘုရားငါးဆူ ကမ္ဘာ့ကပ်ကျော်စေတီတော်ကြီးအား စတင်ပန္နက်တင်တည်ဆောက်ခဲ့ပြီး (၁၃၁၃)ခုနှစ်တွင် အပြီးသတ်ကာ တပေါင်းလဆန်း(၁၃)ရက်မှ လပြည့်ကျော် (၂) ရက်နေ့အထိ စေတီတော်ကြီးထီးတော်တင်ပွဲကို ကျင်းပခဲ့ပါတယ်။ သက္ကရာဇ် (၁၃၂၁) ခုနှစ်တွင် ကမ္ဘာ့ကပ်ကျော်စေတီတော်ကြီး၏ အနောက်မြောက်ထောင့်၌ ကြေးချိန် (၁ဝ၈) ပိဿာရှိ ခေါင်းလောင်းကြီးတစ်ခုကို ခေါင်းလောင်းတင်ပွဲပြုလုပ်ခဲ့သည်။ လူသိများထင်ရှားလာသည်နှင့်အမျှ စမတောင်သာသနာ့ကုန်းမြေပေါ်တွင် သာသနာ့ဝိသုဒ္ဓိသိမ်တော်ကြီး၊ ကမ္ဘာ့ဓာတ်ပေါင်းစုစေတီတော်၊
ကမဌာန်းကျောင်းများ၊ အာရုံခံတန်ဆောင်းများ စသည့်သာသနိက အဆောက်အဦများဖြင့် စည်ကားလာခဲ့ပါတယ်။

စမတောင်ပေါ်ရှိ ကမ္ဘာ့ကပ်ကျော်စေတီတော်ကြီးတွင် နှစ်စဉ်သင်္ကြန်အတက်နေ့၌
အနန္တောအနန္တ (၅) ပါး ကန်တော့ပွဲ၊ ဝါဆိုလပြည့်နေ့၌ ဆွမ်း (၅၀၀၀) ကပ်လှူပူဇော်ပွဲ၊ တန်ဆောင်မုန်းလပြည့်နေ့ ည၌ ဆီမီး (၅၀၀၀)ကပ်လှူပူဇော်ပွဲ စသည့်ပွဲတော်ကြီး (၃)ကြိမ်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူအပေါင်းအား သက်သတ်လွတ် ထမင်းဟင်းလျာများဖြင့် ကျွေးမွေးဧည့်ခံကြပါတယ် ။

‌အောက်ကပုံတွေကတော့ ကျွန်တော် ဘုရားရှိခိုး အမျှဝေပြီးတိုင်းမှာ ပေါ်လာလေ့ရှိတဲ့ စဖို၊စမ တွေနဲ့ စမတောင်တော် စေတီပုံပဲ ဖြစ်ပါတယ် ။

ကိုးကား – wiki

စမ တောင်

✨ ဘူတဝါဟန ✨

ရှေးသ‌ရော အခါက အာသောကမင်းကြီးလက်ထက်မှာပေါ့ကွယ် အာသောကမင်းကြီးက စေတီတွေတည်ထားကိုးကွယ်ချင်တော့ ဌာပနာဖို့ ဓာတ်တော်မွေတော်တွေလိုက်ရှာရင်း အဇာတသတ်မင်းက ဌာပနာတွေ တည်ထားခဲ့တယ်ဆိုတာ သိရပြီး ဌာပနာတွေ ရှာဖို့လုပ်သတဲ့ ။ ဘုရားဌာပနာတွေက ဘယ်မှာရှိလဲဆိုရင် မြေအောက်မှာ ရှိပြီး အထဲမှာ စက္ကောမအတတ်ပညာနဲ့ ပြုလုပ်ထားတဲ့စက်တွေ ယန္တရားတွေနဲ့ဌာပနာ ဓာတ်တော်တွေကို ကာကွယ်ထားတယ်တဲ့ အဲ့ဒီမှာ အာသောကမင်းကြီးက စက္ကောမအတတ် တတ်တဲ့ သူကိုလိုက်ရှာပြီး ဓာတ်တော်တွေကို ထုတ်ယူကာ ဌာပနာတည်သတဲ့ ။

စက္ကောမ (ဝါ ) ဘူတဝါဟနလို့ခေါ်တဲ့ ရှေးခတ် ယန္တရား အတတ်ပညာဟာ ရှေးခတ်ရောမအင်ပါယာကနေဆင်းသက်လာတာဖြစ်ပြီး ဒီအတတ်ပညာဟာ ရောမအင်ပါယာမှာပဲ သင်ကြားပေးပါတယ်။ အပြင်ကို ပေါက်ကြားသွားလို့မဖြစ်လို့ ဒီပညာကို သင်ယူသူတိုင်းဟာ အင်ပါယာကနေထွက်ပြေးတာနဲ့ အသတ်ခံရပြီး ကိစ္စတုန်းပြစ်လေ့ရှိပါတယ် ။ အဲ့ဒီ့မှာ ပညာရှင် တစ်ယောက်ဟာ အင်ပါယာကနေထွက်ပြေးဖို့ ကြံစည်ပြီး သူ့သားကို ပြောသတဲ့ ။ သူထွက်ပြေးတဲ့အခါမှာ အသတ်ခံရမှာဖြစ်တယ် သူသေသွားရင် သူ့ပေါင်ထဲမှာ ဝှက်ထားတဲ့ ယန္တရား အတတ်ပညာကိုယူပြီး တစ်ခြားနေရာကို သွားပါလို့ ညွှန်ကြားခဲ့တယ်။ သူ့သားကလဲ သူ့အဖေပြောခဲ့တဲ့ အတိုင်းလိုက်နာပြီး သူ့အဖေပေါင်ထဲက ယန္တရားပညာကိုယူပြီး ထွက်ပြေးခဲ့ရာမှ အဇာတသတ်မင်းဆီကို ရောက်ခဲ့တယ်လို့ ဆိုပါတယ် ။ အဇာတသတ်မင်းအတွက် လွန်းပျံတွေ ယန္တရားတွေကိုလဲ သူကပဲဖန်တီးပေးခဲ့ပါတယ်။

ဒီ စက္ကောမ အတတ်ပညာဟာ ကွယ်ပျောက်သွားပြီလားလို့မေးရင် မကွယ်ပျောက်သေးပါဘူး ။ အနီးစပ်ဆုံးပြောရမယ်ဆိုရင် ရွှေတိဂုံဘုရားရဲ့ အောက်ခြေမှာ ဌာပနာထားတဲ့ ဓာတ်တော်မွေတော်တွေကို စောင့်ရှောက်ဖို့ စက္ကောမအတတ်တွေနဲ့ စီရင်ထားတယ်လို့လဲ ကျွန်တော်တို့ ငယ်ငယ်က ပုံပြင်အနေနဲ့ ကြားခဲ့ဖူးတာတွေဟာ အမှန်တွေပဲ ဖြစ်ပါတယ် ( ဌာပနာတွေကိုယူဖို့သွားရာက ကျောက်ရုပ်ဖြစ်သွားတဲ့‌ ‌‌ မောင်ကံ အကြောင်း တော်တော်များများကြားဖူးကြမှာပါ )

ဒီနေ့ခေတ်မှာ ဘာလို့ ဒီအတတ်ပညာဟာ လျှို့ဝှက်စွာ တိမ်မြုပ်နေရလဲဆိုရင် ကျွန်တော်တို့ယခုနေထိုင်တဲ့ မျက်မှောက်ကမ္ဘာကြီးနဲ့ မသင့်လျော်လို့လို့ ဆိုကြပါတယ် ။ လူတွေဟာ စက္ကောမကို အသုံးပြုနိုင်တဲ့ခေတ်မှာ စက္ကောမကို အသုံးပြုကြတယ် ဒါပေမယ့် ကားတွေ လေယာဉ်တွေ အာကာသ‌ယာဉ်ပျံတွေ အသုံးပြုလာနိုင်တဲ့ခေတ်မှာတော့ စက္ကောမပညာကို အသုံးမပြုသင့်တော့ပါဘူး ဘာလို့လဲဆိုရင်တော့ လူသားတွေကို ဖျက်စီးပြစ်နိုင်လို့ပါပဲ ။ ဒီပညာရပ်တွေဟာ လျှို့ဝှက်ရှားပါးပြီး အဆင့်ဆင့်လက်ဆင့်ကမ်းထိန်းသိမ်းလာကြတဲ့ ဂိုဏ်းတွေလဲရှိပါတယ် ဒါပေမယ့် သာမန်လူတွေလိုမျိုး အလွယ်တကူ တွေ့ရလေ့မရှိသလို သူတို့ဟာ အရမ်းလျှို့ဝှက်ပြီး နေထိုင်ကြပါတယ် ။

ဒါ့အပြင် ခရစ်ယာန်ဘာသာဟာ ရောမအင်ပါယာကပဲ ပြန်လည်ဖန်တီးရေးသားထားတယ်ဆိုတဲ့အကြောင်း ၊ Egypt က pyramid တွေဟာ တစ်ခြားဂြိုဟ်ကမ္ဘာက ယာဉ်ပျံကြီးတွေဖြစ်ကြောင်း၊ ဂမ္ဘီရပညာရှင်တွေရဲ့ စမ်းသပ်မှုတွေပြုလုပ်ရာမှ ဓာတ်မတည့်မှုတွေကြောင့် ပေါက်ကွဲပြီး အတ္တလန်တိတ် တိုက်ကြီး ပင်လယ်ရေအောက်ကို ရောက်သွားတဲ့အကြောင်း စသဖြင့် လောကီနယ်ပယ်ဟာ စိတ်၀င်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေအများကြီးနဲ့ ပြည့်နှက်နေပါတယ် ။ ကျွန်တော့်ရဲ့ research လုပ်ပြီး blog မှာ ပြန်ရေးတင်ပေးနေတဲ့အကြောင်းအရာတွေက လောကီပညာရပ်အ‌ကြောင်းတွေထဲမှာဆိုရင် ကကြီး၊ခခွေးသင် မူလတန်းအဆင့်လောက်ပဲရှိပါသေးတယ် ။ ဒီထက်ပိုပြီး ထူးခြားဆန်းကျယ်တဲ့အကြောင်းအရာတွေကိုလဲ ထပ်ပြီးပြောပြ‌သွားဦးမှာမို့ follow လုပ်ပြီး ဖတ်ရှုနိုင်ပါတယ် ခင်ဗျ ✨🙏

✨ သံသေဒဇ ( iron fetus ) ✨

ပဋိသန္ဓေ တည်တဲ့အခါမှာ သံသေဒဇ၊ဩပါတိက၊ အဏ္ဍဇ၊ ဂဗ္ဘသေယျက လို့ခေါ်တဲ့ လေးမျိုး သန္ဓေဆိုပြီး ရှိပါတယ် ။
သံသေဒဇ – သစ်ပင်၊ပန်းပင်၊နွယ်ပင်၊မစင်၊ကျင်ကြီး၊ကျင်ငယ်၊ရေပုပ်ရေသိုး စတဲ့ အညစ်အကြေးတို့၌ ဖြစ်သော ပဋိသန္ဓေ။
ဩပါတိက – ဘုံ၊ဗိမာန်၊ဥယျာဉ်၊ရေကန် စသောဌာနတို့၌ဖြစ်သော ပဋိသန္ဓေ ။
အဏ္ဍဇ – ဥမှဖြစ်သော ပဋိသန္ဓေ။
ဂဗ္ဘသေယျက – အမိ၀မ်း၌ကိန်းအောင်း၍ တည်ရသော ပဋိသန္ဓေ ။
စသဖြင့် ပဋိသန္ဓေ လေးမျိုး ရှိပါတယ် ။ အောက်ကပုံလေးကတော့ ကျွန်တော် တွေ့ခဲ့တဲ့ သံသေဒဇ ပဋိသန္ဓေလို့ ခေါ်ရမယ့်အကောင်လေးပါ ။ သစ်ကိုင်းခြောက်လေးကနေ အကောင်ဖြစ်လာခြင်း ဖြစ်ပါတယ် ။

သံသေဒဇ ( iron fetus )

✨ What is spiritual awakening ✨

2020 ထဲက ကမ္ဘာကြီးဟာ awakening တွေစတင်လာခဲ့တာ အခုဆိုရင် 2022 ကိုရောက်ရှိလာခဲ့ပါပြီ။ ကျွန်တော်ခန့်မှန်းရ‌သလောက် ဒီနှစ်တွေထဲမှာ လူတော်တော်များများ awakening တွေ စတင်လာပါတယ် ဒါပေမယ့် awakening ဖြစ်မှန်းမသိကြပဲ old pattern တွေ ထဲ ပြန်ပြန်ရောက်သွားကြရင်း circle ထဲမှာပဲ ပိတ်မိသွားကြပါတယ် ။

Fully Awaken ဖြစ်ဖို့ဆိုတာကလဲ မလွယ်ကူပါဘူး ။ ကျွန်တော့် အတွေ့အကြုံအရဆိုရင် Awakening စ,စဖြစ်ခြင်းက happiness , joy , love ကို အပြည့်အ၀ခံစားရလို့ တော်တော်ပျော်ဖို့ကောင်းတယ်လို့ ထင်ရပါတယ် ။ အဲ့ဒီနောက်ပိုင်းမှာတော့ shadow work , trauma , ego စတာတွေက တောက်လျှောက်ကို ပြန်ပေါ်လာတော့ တော်တော်စိတ်ညစ်ရပါတယ် ။ ဒါဆို ခင်ဗျားအနေနဲ့ Awakening ဖြစ်ရတာ စိတ်ညစ်စရာကြီးပေါ့လို့ မေးချင်ပါလိမ့်မယ် ။ အဖြေကတော့မဟုတ်ပါဘူး ။

ပထမဆုံးအနေနဲ့ Awakening ဆိုတာ ဘာလဲဆိုတာ သေချာပြန်ရှင်းပြချင်ပါတယ် ။ Spiritual awakening ဆိုတာ ဝိဉာဉ်ရေးရာ နိုးထခြင်းပါ ။ ရုပ်နဲ့နာမ် နှစ်ခုရှိတဲ့ထဲမှာ ကျွန်တော့်တို့ရဲ့ ခန္တာကိုယ်ဖြစ်တဲ့ ရုပ်က ပုံမှန် စားတယ်၊ အိပ်တယ် ၊ သွားတယ် စသဖြင့် နိုးထနေပါတယ် ။ ဒါဆို နာမ်ဆိုတာကရော ? ရုပ်ခန္တာနိုးထနေချိန်မှာ နာမ်ကတော့ အိပ်ပျော်နေတယ် (သို့ ) သေဆုံးနေတယ်လို့ ပြောရမှာပါ ။ ဝိဉာဉ်လောကလို့ ခေါ်တဲ့ နာမ်လောကထဲမှာ ခင်ဗျားရဲ့ နာမ်ဟာ နိုးထလာပြီဆိုရင် အရင်က မြင်ခဲ့တဲ့ ကမ္ဘာကြီးဟာ ရှုထောင့်တစ်ခုကနေ ပြောင်းလဲမြင်လာရပါလိမ့်မယ် ။

ပြောရမယ်ဆိုရင် ကမ္ဘာကြီးထဲမှာရှိနေတဲ့ မမြင်ရတဲ့ ကမ္ဘာတစ်ခုကို ခင်ဗျားက စတင်မြင်လာရမှာပါ။ ဒါဆို လူတိုင်း Awakening ဖြစ်နိုင်လား မေးရင် ဟုတ်ကဲ့ လူတိုင်း Awakening ဖြစ်နိုင်ပါတယ် ခင်ဗျားသာ circle ထဲကနေ ဖောက်ထွက်နိုင်ခဲ့ရင်ပေါ့ ။ တော်တော်များများကတော့ circle ထဲကနေ ဖောက်မထွက်နိုင်ကြလို့ circle ထဲမှာပဲ ပြန်ပြန် ပိတ်မိသွားကြပါတယ် ။ circle ဆိုတာ ဘာလဲဆိုရင် ခင်ဗျားရဲ့ comfort zone လို့ သတ်မှတ်ရမှာပါပဲ ။ မိုးလင်းလို့ နိုးလာရင် ခင်ဗျားရဲ့ လုပ်စရာရှိတဲ့ နိစ္စဓူ၀ ကိစ္စတွေကို လုပ်မယ် ညရောက်တဲ့အခါ ဘီယာလေး ဘာလေးသောက်ရင်း တစ်နေ့တာ ပင်ပန်းသမျှအနားယူမယ် ဒါမှမဟုတ်လဲ စိတ်ကိုဖျော်ဖြေစရာတစ်ခုခုကိုကြည့်မယ် စသဖြင့် ခင်ဗျားဟာ သာမန်ပေါ့ပေါ့ပါးပါး ဘ၀လေးကို ဖြတ်သန်းနေရတာက circle ပါပဲ ။

ဒါပေမယ့် ခင်ဗျားဟာ ဒီလိုနေ့စဉ်ဖြတ်သန်းနေရသမျှကို ငြီးငွေ့စပြုလာပြီဆိုတဲ့အချိန်ဟာ ခင်ဗျားရဲ့ Awakening စတင်ချိန်ပါပဲ ။ ဒီလို စတင်ပြီဆိုရင် အလုပ်ရှိတဲ့သူတွေက အလုပ်လုပ်ရတာမပျော်တော့ဘူး စိတ်ကုန်လာမယ် လုပ်နေတဲ့အလုပ်ကို ထွက်ချင်လာမယ် တစ်ဖက်မှာလဲ အလုပ်ထွက်လိုက်ရင် ငွေရေးကြေးရေး ကြပ်တည်းသွားမယ် အဆင်မပြေဖြစ်သွားမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုက ခင်ဗျားကို လွန်ဆွဲထားပါသေးတယ် ။ ဒီလိုနှစ်ခုလွန်ဆွဲနေရင်းနဲ့ ခင်ဗျားဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို စတင်ချမှတ်လိုက်ပြီ အလုပ်ထွက်လိုက်တော့မယ်ဆိုရင် circle ထဲကနေ ပထမဆုံး ဖောက်ထွက်ဖို့ အားယူလိုက်တယ်ဆိုတဲ့ သဘောအနေနဲ့ ခင်ဗျားရဲ့ Awakening ဟာ စတင်လာပါတယ် ။

Awakening ဟာ ပုံစံမျိုးစုံကနေဖြစ်နိုင်ပါတယ် ။ မိဘနဲ့သားသမီး အဆင်မပြေတဲ့ ဆက်ဆံရေးတွေ ၊ သမီးရည်းစား ဆက်ဆံရေးတွေ ၊ friendship တွေ ၊ drug ဖြတ်တာ စသဖြင့် ရှုထောင့်မျိုးစုံကနေ စတင်နိုင်လို့ လူတစ်ယောက်နဲ့ တစ်ယောက် Awakening ဟာ မတူညီပါဘူး ။ တူညီတဲ့အရာကတော့ circle ကနေဖောက်ထွက်ခြင်းပါပဲ ။ circle ကနေဖောက်ထွက်လိုက်ပြီဆိုတာနဲ့ ပထမဆုံး စတင်ကြုံရမှာကတော့ အထီးကျန်မှု၊ မပျော်ရွှင်မှု၊ စိတ်ဓာတ်ကျမှု ၊ ၀မ်းနည်းခြင်း စတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ် ။ လူတော်တော်များများက ဒီအခက်ခဲတွေကို မကျော်ဖြတ်နိုင်လို့ circle ထဲမှာပဲ ပြန်ပိတ်မိသွားပြန်ပါတယ် ။

ရုပ်လောကနဲ့ နာမ်လောကကို ပြန်ဆက်ရအောင် မြင်သာအောင်ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ဟာ ရုပ်လောကထဲမှာ နိုးထနေကြပေမယ့် နာမ်လောကထဲမှာတော့ ဥကနေ မပေါက်သေးတဲ့ အကောင်လေးတွေလိုပါပဲ။ ကျွန်တော်ဆိုလိုချင်တဲ့ circle ဆိုတာဟာ နာမ်လောကထဲက ဥလေးတွေလို့ သတ်မှတ်နိုင်ပါတယ် ။ ခင်ဗျားဟာ နာမ်လောကထဲမှာ နိုးထဖို့ စတင်ကြိုးစားလာမယ် ဥခွံလေးထဲကနေ အကောင်ပေါက်ဖို့ ကြိုးစားလာမယ်ဆိုရင်တော့ လောကရဲ့ နာကျင်မှုဆိုတဲ့ ပထမဆုံး အဆင့်ကို စတင်ကျော်ဖြတ်ရမှာပါပဲ ။

ဒါက ဝိဉာဉ်ရေးရာ နိုးထလာခြင်းအကြောင်းနဲ့ ဘယ်လိုနိုးထလာနိုင်သလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ် ။ ခင်ဗျားဟာ circle ထဲကနေ ဖောက်ထွက်ဖို့ ကြိုးစားနေပြီဆိုရင်တော့ ဂုဏ်ယူပါတယ်မိတ်ဆွေ 💖 ထပ်ပြီး ပြောပြစရာတွေလဲရှိပါသေးတယ် Awakening စတင်နေတဲ့ သူတွေအတွက်လဲ ဘယ်လိုမျိုး ကျော်ဖြတ်သင့်တယ်ဆိုတာတွေ ၊ Awakening စတင်တဲ့ လက္ခဏာတွေ ၊ stages တွေ ၊ နာမ်လောကရဲ့ Dimension အကြောင်းတွေလဲ တစ်ခုချင်းစီသေချာရှင်းပြရင်း ထပ်ပြီး တင်ပေးသွားပါဦးမှာမို့ page ကို follow လုပ်ထားပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျ ✨💖🙏

✨ Amethyst ✨

Amethyst crystal ဟာ မီးတောင်ကျောက်တွေရဲ့ hollow rocks or geodes တွေကနေတဆင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ မီးတောင်ကျောက်‌တွေ အေးလာတဲ့အမျှ ကျောက်မှာရှိနေတဲ့အပေါက်တွေကနေပြီး သတ္တုဓာတ်ပြည့်၀တဲ့ ရေတွေ ၊ ဓာတ်ငွေ‌ တွေနဲ့ မီးတောင်ပစ္စည်းတွေဟာ ရောနှောပြီး ပုံဆောင်ခဲအဖြစ် ဖြစ်ပေါ်လာပါတယ်။ ‌ထိုအရောအနှောတွေ အေးစက်ပြီး မာခဲသွားတဲ့အခါမှာတော့ ခရမ်းရောင်၊ နီညိုရောင်ရှိတဲ့ခရမ်းရောင် ၊ ဖျော့တော့တော့ခရမ်းရောင် အစရှိတဲ့ Amethyst crystal ကို ရရှိလာပါတယ် ။

Amethyst ဟာ ခရမ်းဖျော့အရောင်၊ ခရမ်းရောင်ကိုမှ နီညိုရောင်ဘက်ကိုသွားတဲ့ မူကွဲအရောင်တွေလဲရှိပါသေးတယ် ။ လက်၀တ်ရတနာအဖြစ် လူတွေအသုံးပြုခဲ့တာကတော့ အနည်းဆုံး နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ် ။ Amethyst ဆိုတဲ့ စကားလုံးဟာ ဂရိစကားလုံးဖြစ်တဲ့
” Amethystos” မှ ဆင်းသက်လာခဲ့ပြီး ” ခိုင်ခံပြီး သမ္မာသတိရှိတဲ့ စိတ်ထားကို ထိန်းသိမ်းခြင်း” လို့ ရည်ညွှန်းကြပါတယ် ။

Amethyst ဟာ ငြိမ်သက်ခြင်းစွမ်းအင်နဲ့ သန့်စင်ခြင်းစွမ်းအင်တို့ရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး Third eye chakra နဲ့ ချိတ်ဆက်ပေးပါတယ် ။ Negative energy တွေကို ကာကွယ်ပေးပြီး ၊ ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိလဲရှိပါတယ် ။ စိတ်ကို ကြည်‌လင်အေးချမ်းမှု ဆောင်ယူလာပေးတဲ့ crystal ဖြစ်တာကြောင့် Stress များတဲ့သူတွေအနေနဲ့ Amethyst ကို ဆောင်ယူထားခြင်းဖြင့် Stress release လုပ်ပေးနိုင်ပြီး ၊ Nightmare တွေအတွက်လဲ ခေါင်းအုံးအောက်မှာ ထားအိပ်ပေးခြင်းဖြင့် အိပ်မက်ဆိုးမက်ပြီးလန့်နိုးလာခြင်းမှ ကာကွယ်ပေးနိုင်ပြီး သက်တောင့်သက်သာအိပ်စက်အနားယူစေနိုင်ပါတယ် ။



Ancient time မှာဆိုရင် Greek လူမျိုးတွေက Amethyst ကို ၀တ်ဆင်ထားသူဟာ
ခန္တာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးနိုင်တယ်လို့ ဆိုကြပါတယ် ။ ဒါ့အပြင် Amethyst ကို ၀တ်ဆင်ထားသူဟာ အမူးလွန်ခြင်း ပြသနာကိုလဲ ဖြေရှင်းပေးနိုင်တယ်လို့လဲ ယုံကြည်ကြပါသေးတယ် ( အသောက်သမားများ ဆောင်ထားသင့် :3 ) ။ Amethyst ဖြင့်ပြုလုပ်ထားတဲ့ ဖန်ခွက်တွေနဲ့ ဝိုင်ကို သောက်သုံးပေးခြင်းဖြင့်လဲ ဖျားနာနေတဲ့သူတွေကို ရောဂါပိုးမွှားတွေရန်ကနေ သက်သာပျောက်ကင်းစေနိုင်ပါတယ် ။

Physical healing အနေနဲ့ Amethyst ဟာ ဒေါသ၊ ကြောက်ရွံ့ခြင်းနဲ့ ပူပင်သောက ကို ပယ်ဖျောက်ပေးနိုင်တဲ့ သဘာ၀စိတ်ငြိမ်ဆေးဖြစ်ပါတယ် ။ ဒါ့အပြင် ၀မ်းနည်းပူဆွေးခြင်းကို သက်သာစေပြီး အဆိုးမြင်စိတ်တွေကိုလဲ ပြေပျောက်စေနိုင်ပါတယ် ။ Spiritual အသိဉာဏ်ကို အသက်၀င်စေပြီး စိတ်ပိုင်းဆိုင်ရာစွမ်းရည်များကိုလဲ မြှင့်တင်ပေးပါတယ် ။

ဒါ့အပြင်သူ့မှာ side effect အနည်းငယ်တော့ရှိပြီး ဒီ side effect တွေက အသုံးပြုသူတစ်ချို့တစ်လေလောက်ကိုပဲ သက်ရောက်နိုင်လောက်အောင်ရှားပါးပါတယ် ။ Amethyst နဲ့ ဓာတ်မတည့်သူတွေဟာ ၀က်ခြံထွက်ခြင်း ၊ မူးဝေခြင်း ၊ ပျို့အန်ခြင်း ၊ ရင်သားနာခြင်း ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း ၊ ၀မ်းဗိုက်အတွင်းနာကျင်ခြင်း ၊ အရေပြားမှာ အဖုအနည်းငယ်ထွက်လာခြင်း စတဲ့ ဓာတ်မတည့်တဲ့ ပြသနာတွေပေါ်ပေါက်နိုင်ပေမယ့် ဒီဖြစ်စဉ်တွေဟာ အလွန်ရှားပါးပါတယ် ။

Amethyst ဟာ February birthstone ဖြစ်ပြီး ၀တ်ဆင်သူကို ပေါင်းသင်းဆက်ဆံရေးမှာတိုးတက်စေတဲ့အပြင် ၊ ပိုမိုရဲရင့်စေပါတယ် ။ ဒီအချက်တွေကတော့ Amethystရဲ့ ဖြစ်ပေါ်လာပုံနဲ့ အကျိုးကျေးဇူးတွေ ၊ side effect တွေပဲဖြစ်ပါတယ် ။ နောက်ထပ်လဲ crystal တွေအကြောင်း ထပ်ပြီးဖော်ပြပေးပါဦးမှာမို့ follow လုပ်ထားပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျ ။ crystal တွေကို ဆောင်ချင်သူတွေအတွက်လဲ ကျွန်တော့်ရဲ့ ဒီ Instagram acc မှာပဲ ၀ယ်ယူအားပေးလို့ရပါတယ်ခင်ဗျ ✨💖

Amethyst Quartz
Amethyst Wand
Amethyst Cluster

✨ အိမ်မြှောင်စုတ်ထိုးခြင်း နိမိတ် ✨

ဒီရက်ပိုင်းအတွင်း အကြောင်းတစ်ချို့ချို့သောကိစ္စ လေးတွေကြောင့် ကျွန်တော် crystal အရောင်းပို့စ်လေးတွေတင်တာ ခဏနားထားပါတယ်ခင်ဗျ။ အရောင်းပို့စ်မတင်‌ဖြစ် ‌ ပေမယ့်လဲ ကျွန်တော့် page ကို အမြဲ၀င်ကြည့်ပေးနေသူတွေအတွက် ပိုစ့်လေးတွေပုံမှန်ပြန်တင်မယ်ဆုံးဖြတ်ရင်း ကျွန်တော် လေ့လာရှာဖွေထားတဲ့ ဗဟုသု‌တလေးတွေ ဝေမျှပေးချင်ပါတယ် ။ အခုကျွန်တော်ပြောပြပေးမယ့်ဟာလေးတွေက နေ့စဉ်ဘ၀မှာ အမြဲတစေကြုံတွေ့နေရပေမယ့် သတိမမူမိတဲ့ အကြောင်းအရာလေးတွေဖြစ်တာကြောင့် စာဖတ်သူတွေအနေနဲ့ အနည်းငယ်လောက်ဗဟုသုတအမြင်လေးတွေရသွားစေဖို့လဲ ရည်ရွယ်ပါတယ် ။

အခုပြောပြပေးချင်တဲ့ အကြောင်းအရာလေးတွေကတော့ အိမ်မြှောင်လေးတွေအကြောင်းပါ ။ အိမ်တိုင်းလိုလိုမှာ အိမ်မြှောင်လေးတွေကို တွေ့ရလေ့ရှိပါတယ် ။ အိမ်မြှောင်လေးတွေ စုတ်ထိုးရင်လဲ ပိုက်ဆံရတတ်တယ်လို့ ရှေးလူကြီးတွေက ပြောတာ ကြားခဲ့ဖူးခဲ့ကြပါသလား ။ ဒါကအပြည့်အစုံ အမှန်တော့မဟုတ်သေးပါဘူး ။ အိမ်မြှောင်လေးတွေက ဘယ်နေရာကနေ စုတ်ထိုးတာလဲ ဘယ်နေရာကနေအော်မြည်တာလဲဆိုတဲ့ အပေါ်မူတည်ပြီး ကောင်းကျိုးဆိုးပြစ်လေးတွေရှိပါတယ် ။

အရှေ့ အရပ်မှနေ၍ အိမ်မြှောင်စုတ်ထိုးတဲ့အခါ ” ရွှေ၊ငွေ ” စတဲ့ လက်၀တ်ရတနာ ၊ လာဘ်လာဘ တွေ ရတတ်ပါတယ် ။ အစိုးရမင်းတွေရဲ့ ချီးမြှောက်ပူဇော်ခြင်းကိုလဲ ခံရတတ်ပါတယ် ။
အရှေ့တောင် အရပ်မှ အိမ်မြှောင်စုတ်ထိုးလျှင် ” ‌ရွှေ၊ငွေ၊ကျွဲ၊နွား “တို့ ပျောက်ပျက်တတ်ပါတယ် ။
တောင်အရပ်မှနေ၍ အိမ်မြှောင်စုတ်ထိုးလျှင် ခြေနှစ်ချောင်း စုတ်လာဘ် ၀င်တတ်ပါတယ် ။
အနောက်တောင် အရပ်မှနေ၍ အိမ်မြှောင်စုတ်ထိုးလျှင် “ကျွန်၊ကျွဲ၊နွား” တို့ ပျောက်ဆုံး တတ်ပါတယ်။
အနောက်အရပ်မှ နေ၍ အိမ်မြှောင်စုတ်ထိုးလျှင် ” လာဘ်လာဘ ” ရတတ်ပါတယ် ။
အနောက်မြောက်အရပ်မှ အိမ်မြှောင် စုတ်ထိုးလျှင်လဲ ” လာဘ်လာဘ ” ရတတ်ပါတယ် ။
မြောက်အရပ်မှ အိမ်မြှောင်စုတ်ထိုးလျှင် ” အစိုးရမင်းတို့၏ ချီးမြှောက်ပူဇော်ချင်းကို ခံရတတ်ပြီး ရွှေ၊ငွေ စသော လာဘ်မျိုး ရတတ်တယ်။ ချမ်းသာတတ်ပါတယ် ”

ဒါတွေကတော့ ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့အချက်လေးတွေပဲ ဖြစ်ပါတယ် ။ စာဖတ်သူတွေကို တစ်ခု နားလည်စေချင်တာက အရပ်ဆယ်မျက်နှာ ရှိပြီး တစ်ချို့ နေရာတွေအကြောင်းကို ကျွန်တော်ချန်လှပ်ထားခဲ့တာ မဟုတ်ပါဘူး ။ နိမိတ်တွေဟာ ရှေ့ကို ဖြစ်လာမယ့် အရာတွေကို ကြိုတင်ဖတ်ကြားချင်းဖြစ်တဲ့အတွက် နိမိတ်ပြုစုသူ ဆရာကြီးတွေဟာ တစ်ချို့ အရပ်မျက်နှာတွေနဲ့ ပက်သက်ပြီး အနည်းငယ် ချန်လှန်ထားခဲ့တယ်လို့ ကျွန်တော် ယူဆမိပါတယ် ။

ဒီတော့ စာဖတ်သူ‌တို့အနေနဲ့ အိမ်မှာ အိမ်မြှောင်စုတ်ထိုးသံကြားထဲအခါ ဘယ်‌ နေရာကနေ စုတ်ထိုးသလဲဆိုတာကို အဖြေရှာရင်း ကိုယ်တိုင် အတိတ် နိမိတ်ကောက်နိုင်ပါစေလို့ ရည်ရွယ်ရင်း ဗဟုသု‌တလေးတွေ ဝေမျှပေးလိုက်ရပါတယ် ခင်ဗျ ။
နောက်ထပ်လဲ ကျွန်တော်လေ့လာထားသမျှ အကြောင်းအရာတွေ ၊ နိမိတ်အကြောင်းတွေက ၊ အိပ်မက်ကို အဓိပ္ပာယ်ဖွင့်ချင်း အကြောင်းအရာတွေလဲ ဆက်လက်တင်ပေးသွားပါဦးမယ် ။ Page ကို follow လုပ်ထားပြီး ဖတ်ရှု‌နိုင်ပါတယ် ခင်ဗျ ✨💖

House Lizard 🦎

✨ Malachite ✨

Malachite ဟာ အစိမ်းရောင်ရှိပြီး 4000 BC လောက်က Egypt နဲ့ Israel မှာ စတင်တွေ့ရှိခဲ့တဲ့ crystal တစ်မျိုးဖြစ်ပါတယ် ။ Ancient Egypt , Ancient Greece နဲ့ Ancient Rome မှာ malachite ကို statue အဖြစ်ထွင်းထုပြီးလည်းကောင် ၊ လက်၀တ်ရတနာအဖြစ်လဲ ၀တ်ဆင်ခဲ့ကြပါတယ် ။ Malachite ရဲ့ အဓိပ္ပာယ်ကတော့ Ancient Greek စကားလုံးဖြစ်တဲ့ malache or malakee ကနေဆင်းသက်လာခဲ့ပြီး ” leaves of mallow bush ” လို့ အဓိပ္ပာယ်ရပါတယ် ။ နောက်ထပ် malachite ရဲ့ အဓိပ္ပာယ်တစ်မျိုးကတော့ Ancient Greek စကားလုံးဖြစ်တဲ့ malakos လို့ခေါ်ပြီး ” soft ” လို့ အဓိပ္ပာယ်ရပါတယ် ။

Malachite ကို protective stone လို့ သိကြပြီး healing properties အများအပြားရှိပါတယ် ။ Middle Ages အတွင်းမှာဆိုရင် malachite ကို evil eyes and witchcraft ကနေ ကာကွယ်ဖို့အတွက် ၀တ်ဆင်ကြပါတယ် ။ Malachite ဟာ သင့်ခန္တာကိုယ်နဲ့ သင့်ရဲ့ ပတ်၀န်ကျင်းမှာရှိတဲ့ အဆိပ်အတောက်တွေ ၊ ညစ်ညမ်းမှုတွေ ၊ negative energy တွေကို စုပ်ယူ ဖယ်ရှားပေးနိုင်ပါတယ် ။ Mood swings တွေကို ထိန်းညှိပေးနိုင်ပြီး positive outlook ကိုလဲ ယူ‌ဆောင် ပေးနိုင်ပါတယ် ။ ဒါအပြင် ခရီးလမ်းသွားလာတဲ့အခါမှာလဲ ဘေးအန္တရာယ် ရန်ကနေ ကာကွယ်နိုင်ဖို့အတွက် protective stone အဖြစ်လဲ အများဆုံး အသုံးပြုကြပါတယ် ။ အမျိုးသမီးတွေအနေနဲ့ လစဉ်ဖြစ်ပေါ်တဲ့ ရာသီစက်၀န်းမှာဖြစ်တတ်တဲ့ pain , cramps တွေကိုလဲ သက်သာစေပြီး period cycle ကိုလဲ မှန်စေပါတယ် ။

Heart and Throat chakra ကို ဖွင့်ပေးပြီး လည်ပင်း ၊ ပုခုံး ၊ လည်ချောင်း စတဲ့နေရာတွေမှာ ဖြစ်တတ်တဲ့ ဇာတ်ကြောတတ်တာ လည်ချောင်းနာခြင်း တွေကိုလဲ သက်သာစေပါတယ် ။ သင်ရဲ့ လူမှုဆက်ဆံရေး ကိုလဲ ပိုတိုးတက်အောင် ‌ကူညီပေးပါသေးတယ် ။

ဘယ်လို အသုံးပြုနိုင်မလဲဆိုရင်တော့ လက်၀တ်ရတနာအဖြစ် ၀တ်ဆင်ခြင်းဖြင့် healing properties တွေကို ရစေပြီး ၊ သင်ရဲ့ အိမ်တံခါး၀မှာ ထားပေးခြင်းဖြင့် အိမ်အတွင်း၊ အခန်းအတွင်းမှာရှိတဲ့ negative energies တွေကို ဖယ်ရှားပေးပြီး ထပ်ပြီး မ၀င်ရောက်နိုင်အောင်လဲ တားဆီးပေးပါတယ် ။ Malachite stone ကို သင့်အလုပ်စားပွဲရဲ့ အံဆွဲထဲမှာထည့်ထားမယ်ဆိုရင်တော့ လုပ်ငန်းအတွက် တီထွင်ဖန်တီးနိုင်မှု ပိုအားကောင်းစေပါတယ် ။ Stone မှာရှိတဲ့ vibration ဟာ သင့်ခန္တာကိုယ် အတွက် အထူးကောင်းမွန်တဲ့အတွက် အသားအရည်ကိုလဲ ကြည်လင်စေပါတယ် ။

ဒါတွေကတော့ Malachite ရဲ့ properties တွေပဲ ဖြစ်ပါတယ် ။ ထပ်ပေါင်းပြောရမယ်ဆိုရင်တော့ သူရဲ့ တန်ဖိုးက အနည်းငယ် မြင့်ပေမယ့် crystal collectors တွေ အနေနဲ့ ဆောင်ထားသင့်တဲ့ crystal တစ်မျိုးပဲ ဖြစ်ပါတယ် ✨


✨ Malachite ✨

✨ Green Adventurine ( stone of opportunity ) ✨

Green Adventurine ကိုတော့ stone of opportunity လို့ သတ်မှတ်ထားကြပါတယ် ။ crystal တွေထဲမှာ luckiest အဖြစ်ဆုံးဆိုပြီးလဲ လူသိများပါသေးတယ် ။ အထူးသဖြင့် ငွေကြေးကြွယ်၀ခြင်းအတွက် manifest လုပ်ရာမှာလည်းကောင်း၊ ကိစ္စတစ်ခုခု စတင်လုပ်ဖို့အတွက် အစပျိုးတဲ့နေရာမှာ လည်းကောင်း green adventurine ကို ဆောင်ယူထားရင် အောင်မြင်နိုင်တယ်လို့လဲ ယုံကြည်ကြပါတယ် ။

Green Adventurine ဟာ Luck ကို ဆွဲဆောင်ပေးခြင်းမျိုးမဟုတ်ပေမယ့် ကိုယ့်ရဲ့ ပြုလုပ်နေကြ old pattern တွေ ၊မကောင်းတဲ့အကျင့် အပြုအမူတွေ ၊ စိတ်ပျက်စရာ စိတ်ညစ်စရာတွေကို ဖယ်ရှားပေးပြီး ကောင်းမွန်ခြင်းတွေ ရင့်ကျက်မှုတွေကို သယ်ဆောင်လာပေးပါတယ် ။ အကောင်းမြင်မှုနဲ့ စိတ်အားထက်သန်မှုကို ဖန်တီးပေးပြီး ပြောင်းလဲမှုတွေကို confident ရှိရှိ ပြုလုပ်နိုင်အောင်လဲ စွမ်းဆောင်ပေးပါသေးတယ် ။

Green Adventurine ဟာ Italian ဘာသာစကားဖြစ်တဲ့ a
ventura ( or ) all’avventura ကနေ ဆင်းသက်လာပြီး ” by chance ” လို့ အဓိပ္ပာယ်ရပါတယ် ။
Adventurine ဟာ များသောအားဖြင့် အစိမ်းရောင် ဖြစ်ပြီး blue , red to reddish brown , dusty purple , orange or peach , yellow & silver grey စတဲ့ အရောင်‌ကွဲတွေလဲ ရှိပါသေးတယ် ။ Advanturine , Adventurine quartz , Indian jade လို့လဲ ခေါ်ဆိုကြပါသေးတယ် ။

Green Adventurine ဟာ Earth and the Devic kingdom နဲ့ ခိုင်မာစွာ ဆက်နွယ်နေတဲ့အတွက် Green Adventurine ကို ၀တ်ဆင်ထားခြင်းဖြင့် electromagnetic wave တွေကို ဖယ်ရှားပေးပြီး ပတ်၀န်းကျင် ညစ်ညမ်းမှုတွေ ကိုယ့်အပေါ်သက်ရောက်ခြင်းကို လျှော့ချပေးပါတယ် ။

Green Adventurine ဟာ premature ကလေးတွေနဲ့ teenage များရဲ့ ရုပ်ပိုင်းဆိုင်ရာကြီးထွား ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလဲ လှုံ့ဆော်ပေးပါတယ် ။ ဒါ့အပြင် Adventurine ကို ရေထဲမှာ တစ်ညစိမ်ထားတဲ့ ရေနဲ့ အဖျော်ယမကာတွေနဲ့ တွဲစပ်သောက်သုံးပေးခြင်းဖြင့်လဲ နှင်းခူ ၊ ၀က်ခြံ ၊ တခြားသော အရေပြားပြသနာများကို တိုက်ဖျက်ပေးနိုင်ပါသေးတယ် ။

Physical, emotional , spiritual balance & issues တွေအတွက်လဲ Green Adventurine က အထောက်အကူပြုပေးနိုင်ပါတယ် ။ Green Adventurine ဟာ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း ၊ memories တွေကို ပြန်လည်နိုးထစေခြင်းနဲ့ heart chakra ကို balance လုပ်ပေးနိုင်ခြင်း တို့ကိုလဲ ဆောင်ရွက်ပေးပါတယ် ။ Green Adventurine နဲ့ တရားထိုင်ခြင်းဟာလဲ ကောင်းမွန်ခြင်းများစွာကို ယူဆောင်လာပေးနိုင်ပါတယ် ။

Green Adventurine ဟာ emotional wounds တွေကို ကုသပေးပြီး depression, anger အစရှိတာတွေကို လျှော့ချပေးရုံသာမက unhealthy relationship တွေကို ဖယ်ရှားပေးပြီး ၊ heartache ဖြစ်ခြင်းကိုလဲ ကာကွယ်ပေးပါတယ် ။

ဒါတွေကတော့ Green Adventurine ရဲ့ properties အချို့ပဲ ဖြစ်ပါတယ် ။ နောက်ထပ်လဲ crystal တွေအကြောင်း ထပ်ပြီး ဖော်ပြပေးသွားပါ့မယ် ခင်ဗျ 💖✨




✨ Green Adventurine ✨

✨ Rose Quartz ( crystal of unconditional love ) ✨

Spiritual ဘက်လှည့်တာများပြီး Crystal တွေအကြောင်းမရေးဖြစ်တာကြာလို့ ကျွန်တော် crystal အကြောင်းလေးတွေ တစ်ရက် တစ်ပုဒ်နှုန်းနဲ့ ပုံမှန်တင်ပေးသွားပါ့မယ် ။

Rose Quartz ( Hyaline quartz ) ကို crystal of unconditional love လို့ သတ်မှတ်ထားကြပါတယ် ။ ပန်းဖျော့ရောင်ရှိပြီး Feminine crystal လို့လဲ လူသိများကြပါတယ် ။ ကမ္ဘာပေါ်က ရှေးကျတဲ့ ကျောက်တွေလိုပဲ rose quartz ကို 800 BC မှာ Assyrians တွေ လက်၀တ်ရတနာအဖြစ် ပုံဖော်ဖန်တီး ၀တ်ဆင်ခဲ့ကြပြီး ထိုအချိန်မှစ၍ လူယဥ်ကျေးမှု တစ်ခုကနေ တစ်ခုထိ ယနေ့ထက်တိုင် ကူးပြောင်းလာကာ ၀တ်ဆင်နေကြဆဲပဲဖြစ်ပါတယ် ။

Ancient time ကို ပြန်ကြည့်လိုက်မယ်ဆိုရင် rose quartz ကို Greeks လူမျိုးတွေနဲ့ ငြိမ်းချမ်းရေး ရယူတဲ့နေရာမှာ၎င်း ၊ Egypt လူမျိုးတွေအနေနဲ့ အိုမင်းရင့်ရော်ခြင်းကို တားဆီးရန်အတွက်၎င်း ၊ Roman ခေတ်အတွင်းမှာဆိုရင် ပိုင်ဆိုင်ခွင့်တွေ တောင်းဆိုရာမှာ၎င်း အသုံးပြုခဲ့ကြပါတယ် ။

Rose Quartz ရဲ့ အရောင်တွေက ပန်းရောင်ကိုမှ pale , cloudy , smoky , as clear as water စသဖြင့် အရောင်တွေကွဲပြားပါတယ် ။ Rose Quartz( Hyaline Quartz ) ရဲ့ အဓိပ္ပာယ်ကတော့ သူမရဲ့ ပန်းရောင်ဖျော့ဖျော့ အရောင်မှနေလည်းကောင်း ၊ ဂရိစကားလုံးဖြစ်တဲ့ ” Hyalos ” လို့ခေါ်ပြီး ဖန် လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ် ။

ဒီလောက်ဆို Rose Quartz ရဲ့အကြောင်းကို နားလည်လောက်ပြီဆိုတော့ သူရဲ့ ကောင်းကျိုးတွေက ဘာတွေရှိလဲဆိုတာ ပြောပြပေးချင်ပါတယ် ။ Rose Quartz ဟာ loving energy ရှိပြီး Universal love or unconditional love အဖြစ်နဲ့ သတ်မှတ်ထားကြပါတယ် ။ Rose Quartz ဟာ healing အတွက် အသုံးပြုနိုင်ပြီး အထူးသဖြင့် နှလုံးသားရေးရာနဲ့ ပက်သက်တဲ့ကိစ္စတွေမှာ healing လုပ်ဖို့အတွက်၎င်း၊ ပျော်ရွှင်မှုတွေ ၊ ကြွယ်၀ခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်ဖို့လဲ အသုံးပြုကြပါတယ် ။

Physical ပိုင်းအနေနဲ့ဆိုရင်လဲ လည်ချောင်းနဲ့ပတ်သက်တဲ့ရောဂါတွေကို တားဆီးပေးခြင်း ၊ heart attack ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း ၊ နှလုံးကြွက်သားတွေကို သန်မာစေခြင်း ၊ သွေးလည်ပတ်မှုအားကောင်းစေခြင်း တို့ကို ဖြစ်စေပါတယ် ။ ဒါအပြင့် Rose Quartz ဟာ သူရဲ့ deep Feminine energy ကြောင့် ကိုယ်၀န်ဆောင်မိခင်တွေကို ကိုယ်၀န်ဆောင်စဉ်ကာလမှာ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေကို သက်သာစေပြီး သန္ဓေသားကိုလဲ ကာကွယ်ပေးတယ်ဆိုတဲ့ ရာဇ၀င်တွေလဲ အများကြီးရှိပါတယ် ။

Mental & Emotional အပိုင်းမှာတော့ Rose Quartz ဟာ heart chakra နဲ့ ဆက်စပ်နေတာကြောင့် အသည်းကွဲနေတဲ့သူတွေ အတွက် အထူးသင့်တော်ပါတယ် deep emotional wounds လို့ခေါ်တဲ့ pain & trauma တွေကို သက်သာစေပြီး self-love ကို ပြန်ရှာပေးနိုင်တဲ့ စွမ်းအင်ကြောင့် နှလုံးသားရေးမှာ ဒုက္ခရောက်နေသူများ ဆောင်ထားသင့်တဲ့ stone ဆိုရင်လဲ မမှားပါဘူး ။

Rose Quartz ဟာ Taurus Birthstone လဲဖြစ်ပါတယ် ။ Taurus ဟာ Venus ဂြိုလ်အုပ်စိုးတာကြောင့် အချစ်ရေး၊အလှပရေးရာနဲ့ နှလုံးသားရေးရာ ကိစ္စတွေမှာ ပိုမို စွမ်းဆောင်ပေးနိုင်ပါတယ် ။ ဒါ့အပြင် Rose Quartz ကို ဖုန်းရွှေ crystal အဖြစ်လဲ အသုံးပြုကြပါတယ် ။ ရုံးခန်း သို့ အိပ်ခန်းမှာ သင်နှစ်သက်တဲ့နေရာမှာ ထားနိုင်ပါတယ် ။

Beauty routine တွေမှာ Rose Quartz ကို အသုံးပြုချင်ရင်တော့ ရေခွက်တစ်ခုထဲမှာ rose quartz ကို ထည့်ပြီး နှင်းဆီပွင့်ဖတ်တွေထည့်ထားကာ ရေခွက်ကို နေရောင်ထဲမှာ နာရီအတန်ကြာအောင်ထားပေးပါ။ ပြီးရင်တော့ ရေကိုစစ်ယူပြီး မနက်ပိုင်းနဲ့ညပိုင်းတွေမှာ Toner အဖြစ် အသုံးပြုခြင်းဖြင့် အသားရည်ကို ပိုမိုလှ‌ပလာစေပြီး အိုမင်းရင့်ရော်ခြင်းကို ထိန်းပေးနိုင်ပါတယ် ။

ဒါ့အပြင့် Rose Quartz ရဲ့ ထူးခြားတဲ့အချက်တစ်ခုကတော့ ကိုယ့်ရဲ့ဖူးစာဖက် ပေါ်လာတဲ့အခါ အဖြူရောင်ပြောင်းသွားခြင်းပါပဲ ။

ဒါကတော့ Rose Quartz ရဲ့ properties တွေထဲက အချို့တွေပဲဖြစ်ပါတယ် တခြား stone တွေအကြောင်းလဲ တစ်ရက် တစ်ပုဒ်နှုန်းနဲ့ တင်ပေးသွားပါဦးမယ် 💖

✨ Rose Quartz crystal ✨
Design a site like this with WordPress.com
Get started