အရှေ့ ပိုင်းမှာ ကျွန်တော် Familiar တွေအကြောင်း မိတ်ဆက်ပေးခဲ့ပြီးပါပြီ ဒီတစ်ခေါက်မှာတော့ Ancestors တွေအကြောင်းပြောပြချင်ပါတယ်
Ancestors (or) Legendary Progenitors တွေဆိုတာ မျိုးဆက်တစ်ခုရဲ့ ဘုံဘိုးဘေးလို့လဲပြောကြသလို ၊ လူမျိုး/မျိုးနွယ်စု တစ်ခုရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်လို့လဲပြောကြပါတယ် ။ နားလည်အောင် ပြောရမယ်ဆိုရင် အနော်ရထာမင်းရဲ့ မျိုးဆက်သားသမီးမြေးမြစ်တွေအတွက် အနော်ရထာဟာ Ancestors ပုဂ္ဂိုလ်လို့ သတ်မှတ်လို့ရပါတယ်။ Ancestors ဟာ ကျွန်တော်တို့ရဲ့
ဂန္တ၀င်ဘိုးဘေးတွေဖြစ်ကြပါတယ် ။
Armenian mythology မှာဆိုရင် Hayk the great (or) The great Hayk လို့ လူသိများတဲ့ Hayk Nahapet ဟာ Armenian မျိုးနွယ်ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး ဂန္တ၀င်ဘိုးဘေး တစ်ဦးလဲဖြစ်ပါတယ် ။ သူ့ရဲ့ဇာတ်လမ်းကိုတော့ Armenian သမိုင်းပညာရှင် Moses of Chorene က History of Armenian ( A.D 410-490 ) မှာ ရည်ညွှန်းဖော်ပြထားပါတယ် ။
များစွာလှတဲ့ Greek mythology မှာဆိုရင်တော့ Melumpus သမိုင်းတစ်လျှောက်မှာ ကြီးကျယ်ခမ်းနားတဲ့ ဂန္တ၀င်ဘိုးဘေးအဖြစ် ဖော်ပြထားပါတယ် ။ သူ့ရဲ့အကိုဖြစ်သူ Bias အတူ Argeian နယ်မြေရဲ့ ဘုရင်ဖြစ်လာကြပြီး Homer’s Odyssey မှာခေါင်းဆောင် တစ်ဦးအဖြစ် အသိမှတ်ပြုခံခဲ့ရသူတစ်ဦးဖြစ်ပါတယ် ။
Indian Hinduism မှာလဲ Rishis တွေဟာ Manu ကို Rig Veda မှာရှိတဲ့ အိန္ဒိယလူမျိုးတွေရဲ့ ဒဏ္ဍာရီ လာ ဘိုးဘေးတစ်ဦးအဖြစ် သတ်မှတ်ကြပါတယ် ။ ဒီရိုးရာဓလေ့ဟာ Brahamanas, Puranas, Matsya Purana, Vishnu Purana and Aitareya Brahama တို့ထိ ဆက်လက်ရှေးရှူသယ်ဆောင် လာခဲ့ပါတယ် ။ Brahama ကို မနူဟာမင်းရဲ့ မျိုးဆက်အဖြစ်လဲ ဖော်ပြထားပါတယ် ။
ဒီလောက်ဆိုရင် Ancestors တွေအကြောင်း နားလည်လောက်မယ်လို့ထင်ပါတယ် ။ Ancestors တွေဟာ ထူးချွန်ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပြီး မျိုးနွယ်ကို စောင့်ရှောင့်ပေးတယ်လို့ ယုံကြည်ကြပါတယ် ။ ကျွန်တော်တို့ ငယ်ငယ်က Mulan ကား ကြည့်ဖူးကြမှာပေါ့ Mulan ဟာ သူ့အဖေအစား စစ်တိုက်ထွက်ဖို့ပြင်တော့ သူရဲ့ဘိုးဘေးတွေက Mulan ကို စောင့်ရှောက်ဖို့ အစောင့်အရှောက်စေလွှတ်ခိုင်းတာကို သိကြမှာပါ ။
ကျွန်တော် ပြောချင်တဲ့အပိုင်းက အခုမှလာပါပြီ မျိုးနွယ်စု ၊ လူမျိုးစုတိုင်းမှာ သာမန်လူတွေရှိသလို ထူးချွန်စွာမွေးဖွားလာတဲ့လူတွေလဲရှိပါတယ် Ancestors တွေဟာ ထူးချွန်တဲ့လူတွေကို ရွေးချယ်ပြီး ကောင်းချီးတွေ၊ပြည့်စုံကြွယ်၀ခြင်းတွေ ချီးမြှောက်လေ့ရှိပါတယ် ။ အဲ့လိုပြောလို့ ကောင်းချီးတွေကို လွယ်လွယ်ရလားဆိုရင်တော့ မဟုတ်ပါဘူး သင်ဟာ ဒီလိုကောင်းချီးပေးဖို့ ထိုက်တန်တဲ့သူလားဆိုတဲ့ ခွန်အားကို အရင်ကျော်ဖြတ်ရမှာပါ ။ spiritual awakening အကြောင်း ကျွန်တော် အရှေ့ပိုင်းမှာရေးထားဖူးပါတယ် ။ Ancestors တွေက သင့်ကို ရွေးချယ်လိုက်ပြီဆိုရင် spiritual awakening စဖြစ်ပါတယ် အဲ့ဒီ့နောက်ပိုင်းမှာတော့ သင်ရဲ့စိတ်ခွန်အား သန်မာလေလေ များပြားလှတဲ့ ကောင်းချီးတွေဟာ သင့်ဆီကို တရှိန်ထိုးရောက်ရှိလာလေပဲဖြစ်ပါတယ်
သင့်ကိုစောင့်ရှောက်ပေးနေတဲ့ Ancestors တွေဟာ ရှေးကျပြီး စွမ်းအားကြီးမားလေ သင်ရရှိတဲ့ ကောင်းချီးတွေက ပိုမိုများပြားလေပဲဖြစ်ပါတယ် ။
ဒါဆို Ancestors တွေနဲ့ ဘယ်လိုဆယ်သွယ်နိုင်မလဲမေးရင်တော့
– သင့်ရဲ့ Ancestors တွေကို အသိမှတ်ပြုအောက်မေ့တဲ့အနေနဲ့ မီးပူဇော်ပေးပါ ( they really enjoy it ) ကိုယ့်ရဲ့ အခန်းထဲမှာဖြစ်စေ ကိုယ့်အိမ်ရဲ့ ဘယ်နေရာပဲဖြစ်ဖြစ် သန့်ရှင်းတယ်လို့ ယူဆရတဲ့နေရာမှာ မီးပူဇော်နိုင်ပါတယ် ကျွန်တော်ကတော့ အမွှေးတိုင်ရော ဆီမီးရော နှစ်ခုလုံးပူဇော်ပါတယ် ✨
– သင့်ဘိုးဘေးတွေရဲ့ အုတ်ဂူကို အလည်အပတ်သွားကာ ဂါရ၀ပြုပေးပါ ✨
– family gathering မကြာခဏပြုလုပ်ပြီး လဲ ဂါရ၀ပြုနိုင်ပါတယ် ✨
– သင့်ဘိုးဘေးတွေရဲ့ ဓာတ်ပုံကို အမှတ်တရထားပြီး မီးပူဇော်ခြင်း ၊ အမွှေးနံ့သာပူဇော်ခြင်း ၊ သူတို့ကြိုက်နှစ်သက်တဲ့ မုန့်ပဲသရေစာတွေနဲ့လဲ ပူဇော်ဂါရ၀ ပြုနိုင်ပါသေးတယ် ✨
– ဆုတောင်းပါ သင်ဖြစ်ချင်တဲ့ဆန္ဒတွေကို ဘိုးဘေးတွေကို တိုင်တည်ပြီးဆုတောင်းနိုင်ပါတယ် ✨
သင့်ဘိုးဘေးတွေလာလည်တာကို သိနိုင်လားမေးရင်တော့
– ဟုတ်ကဲ့ သိနိုင်ပါတယ် အိပ်မက်ကနေတစ်ဆင့်ဖြစ်စေ အမွှေးနံ့သာပေးပြီးတော့ပဲဖြစ်စေ ဘိုးဘေးတွေဟာ သူတို့စောင့်ရှောက်ပေးနေကြောင်း ပြသကြပါတယ် ✨
Ancestors တွေအကြောင်းကတော့ ဒီလောက်ပါပဲ ✨ နောက်ထပ်လဲအခုလို အကြောင်းအရာတွေကို ထပ်ပြီး သိသလောက်ပြောပြပေးဦးမှာမို့ စိတ်၀င်စားလို့ ဖတ်ရှုချင်ရင် Like & Follow လေး လုပ်ထားနိုင်ပါတယ် ခင်ဗျ
သာယာတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ ✨

