✨ Soul , Spirit & Body ✨

ကျွန်တော် အရမ်းသိချင်ခဲ့တဲ့ မေးခွန်း တစ်ခုရှိပါတယ် လူ ဆိုတာ ဘာလဲ ၊ ဘယ်လိုအရာမျိုးလဲ ၊ ဘာလို့ လူဖြစ်နေရတာလဲ စတဲ့မေးခွန်းတွေပေါ့ ။ ဘာလို့လဲဆိုရင် ပုံမှန်ထက် ကျွန်တော့် ခေါင်းထဲမှာလို့ ထင်ရတဲ့ အသံတစ်ခုက အမြဲမေးခွန်းတွေထုတ်နေလို့ပါပဲ ။ ကျွန်တော်က မေးခွန်း တစ်ခုအတွက် အဖြေမရမချင်း သိချင်စိတ်ပြင်းပြတဲ့ လူထဲမှာပါပါတယ် ။ ‌ကျွန်တော် spiritual ဘက်ကို လိုက်ဖြစ်တော့ ကျွန်တော်သိချင်သမျှ မေးခွန်းတွေ တိုင်းအတွက် အဖြေဟာ တောက်လျှောက်ရလာပါတယ် ။ Spiritual ဆိုတာက အဆုံးမရှိတဲ့ ခရီးစဉ်တစ်ခုနဲ့ တူပါတယ် သူရဲ့ ဖြစ်စဉ်တွေက ပြီးဆုံးသွားတယ်ဆိုတာ မရှိပဲ မေးခွန်းတစ်ခုအတွက် အဖြေရလေ နောက်ထပ် သိချင်တဲ့ မေးခွန်းတွေထပ်ရောက်လာလေ ပါပဲ ။Continue reading “✨ Soul , Spirit & Body ✨”

✨ နေညွှန်းစာ ၊ လညွှန်းစာ ( စာဖို၊စာမ ) ✨

အင်း ၊ စမ စသဖြင့် လောကီအစီအရင်တွေ အခေါ်အဝေါ်တွေကို ကြားဖူးကြသူတွေ၊လေ့လာနေကြတဲ့ သူတွေရှိပါလိမ့်မယ် ။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်က စမ ( စာမ ) အကြောင်း ပြောပြချင်ပါတယ် ။ သုပညာနဂရဆိန္နမင်းလက်ထက် သာသနာ သက္ကရာဇ် (၆၂၉) ခုနှစ်တွင် ဥတ္တရသီရိ မထေရ် စီရင်သည်ဟု ဆိုသော ကပ္ပါလင်္ကာရ ကျမ်း အလိုအရ မြန်မာ အက္ခရာတို့တွင် စာဖို နှင့် စာမ ဟူ၍ အက္ခရာ နှစ်မျိုး ရှိသည်ဟု ဆိုသည်။ ဂဠုန် ငှက်ဟု အမှတ်သညာပြုကြသော နေမင်းက ညွှန်းဆိုသည့် အက္ခရာများသည် စာဖိုအက္ခရာများဖြစ်ကြ၍ ကရဝိက် ငှက်ဟု အမှတ်သညာ ပြုကြသော လမင်းက ညွှန်းဆိုသည့် အက္ခရာများသည် စာမအက္ခရာများContinue reading “✨ နေညွှန်းစာ ၊ လညွှန်းစာ ( စာဖို၊စာမ ) ✨”

✨ ဘူတဝါဟန ✨

ရှေးသ‌ရော အခါက အာသောကမင်းကြီးလက်ထက်မှာပေါ့ကွယ် အာသောကမင်းကြီးက စေတီတွေတည်ထားကိုးကွယ်ချင်တော့ ဌာပနာဖို့ ဓာတ်တော်မွေတော်တွေလိုက်ရှာရင်း အဇာတသတ်မင်းက ဌာပနာတွေ တည်ထားခဲ့တယ်ဆိုတာ သိရပြီး ဌာပနာတွေ ရှာဖို့လုပ်သတဲ့ ။ ဘုရားဌာပနာတွေက ဘယ်မှာရှိလဲဆိုရင် မြေအောက်မှာ ရှိပြီး အထဲမှာ စက္ကောမအတတ်ပညာနဲ့ ပြုလုပ်ထားတဲ့စက်တွေ ယန္တရားတွေနဲ့ဌာပနာ ဓာတ်တော်တွေကို ကာကွယ်ထားတယ်တဲ့ အဲ့ဒီမှာ အာသောကမင်းကြီးက စက္ကောမအတတ် တတ်တဲ့ သူကိုလိုက်ရှာပြီး ဓာတ်တော်တွေကို ထုတ်ယူကာ ဌာပနာတည်သတဲ့ ။ စက္ကောမ (ဝါ ) ဘူတဝါဟနလို့ခေါ်တဲ့ ရှေးခတ် ယန္တရား အတတ်ပညာဟာ ရှေးခတ်ရောမအင်ပါယာကနေဆင်းသက်လာတာဖြစ်ပြီး ဒီအတတ်ပညာဟာ ရောမအင်ပါယာမှာပဲ သင်ကြားပေးပါတယ်။ အပြင်ကို ပေါက်ကြားသွားလို့မဖြစ်လို့ ဒီပညာကို သင်ယူသူတိုင်းဟာ အင်ပါယာကနေထွက်ပြေးတာနဲ့ အသတ်ခံရပြီး ကိစ္စတုန်းပြစ်လေ့ရှိပါတယ် ။ အဲ့ဒီ့မှာ ပညာရှင် တစ်ယောက်ဟာContinue reading “✨ ဘူတဝါဟန ✨”

✨ သံသေဒဇ ( iron fetus ) ✨

ပဋိသန္ဓေ တည်တဲ့အခါမှာ သံသေဒဇ၊ဩပါတိက၊ အဏ္ဍဇ၊ ဂဗ္ဘသေယျက လို့ခေါ်တဲ့ လေးမျိုး သန္ဓေဆိုပြီး ရှိပါတယ် ။ သံသေဒဇ – သစ်ပင်၊ပန်းပင်၊နွယ်ပင်၊မစင်၊ကျင်ကြီး၊ကျင်ငယ်၊ရေပုပ်ရေသိုး စတဲ့ အညစ်အကြေးတို့၌ ဖြစ်သော ပဋိသန္ဓေ။ ဩပါတိက – ဘုံ၊ဗိမာန်၊ဥယျာဉ်၊ရေကန် စသောဌာနတို့၌ဖြစ်သော ပဋိသန္ဓေ ။ အဏ္ဍဇ – ဥမှဖြစ်သော ပဋိသန္ဓေ။ ဂဗ္ဘသေယျက – အမိ၀မ်း၌ကိန်းအောင်း၍ တည်ရသော ပဋိသန္ဓေ ။ စသဖြင့် ပဋိသန္ဓေ လေးမျိုး ရှိပါတယ် ။ အောက်ကပုံလေးကတော့ ကျွန်တော် တွေ့ခဲ့တဲ့ သံသေဒဇ ပဋိသန္ဓေလို့ ခေါ်ရမယ့်အကောင်လေးပါ ။ သစ်ကိုင်းခြောက်လေးကနေ အကောင်ဖြစ်လာခြင်း ဖြစ်ပါတယ် ။

✨ What is spiritual awakening ✨

2020 ထဲက ကမ္ဘာကြီးဟာ awakening တွေစတင်လာခဲ့တာ အခုဆိုရင် 2022 ကိုရောက်ရှိလာခဲ့ပါပြီ။ ကျွန်တော်ခန့်မှန်းရ‌သလောက် ဒီနှစ်တွေထဲမှာ လူတော်တော်များများ awakening တွေ စတင်လာပါတယ် ဒါပေမယ့် awakening ဖြစ်မှန်းမသိကြပဲ old pattern တွေ ထဲ ပြန်ပြန်ရောက်သွားကြရင်း circle ထဲမှာပဲ ပိတ်မိသွားကြပါတယ် ။ Fully Awaken ဖြစ်ဖို့ဆိုတာကလဲ မလွယ်ကူပါဘူး ။ ကျွန်တော့် အတွေ့အကြုံအရဆိုရင် Awakening စ,စဖြစ်ခြင်းက happiness , joy , love ကို အပြည့်အ၀ခံစားရလို့ တော်တော်ပျော်ဖို့ကောင်းတယ်လို့ ထင်ရပါတယ် ။ အဲ့ဒီနောက်ပိုင်းမှာတော့ shadow work , trauma , ego စတာတွေက တောက်လျှောက်ကို ပြန်ပေါ်လာတော့Continue reading “✨ What is spiritual awakening ✨”

✨ Amethyst ✨

Amethyst crystal ဟာ မီးတောင်ကျောက်တွေရဲ့ hollow rocks or geodes တွေကနေတဆင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ မီးတောင်ကျောက်‌တွေ အေးလာတဲ့အမျှ ကျောက်မှာရှိနေတဲ့အပေါက်တွေကနေပြီး သတ္တုဓာတ်ပြည့်၀တဲ့ ရေတွေ ၊ ဓာတ်ငွေ‌ တွေနဲ့ မီးတောင်ပစ္စည်းတွေဟာ ရောနှောပြီး ပုံဆောင်ခဲအဖြစ် ဖြစ်ပေါ်လာပါတယ်။ ‌ထိုအရောအနှောတွေ အေးစက်ပြီး မာခဲသွားတဲ့အခါမှာတော့ ခရမ်းရောင်၊ နီညိုရောင်ရှိတဲ့ခရမ်းရောင် ၊ ဖျော့တော့တော့ခရမ်းရောင် အစရှိတဲ့ Amethyst crystal ကို ရရှိလာပါတယ် ။ Amethyst ဟာ ခရမ်းဖျော့အရောင်၊ ခရမ်းရောင်ကိုမှ နီညိုရောင်ဘက်ကိုသွားတဲ့ မူကွဲအရောင်တွေလဲရှိပါသေးတယ် ။ လက်၀တ်ရတနာအဖြစ် လူတွေအသုံးပြုခဲ့တာကတော့ အနည်းဆုံး နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ် ။ Amethyst ဆိုတဲ့ စကားလုံးဟာ ဂရိစကားလုံးဖြစ်တဲ့ ” Amethystos”Continue reading “✨ Amethyst ✨”

✨ အိမ်မြှောင်စုတ်ထိုးခြင်း နိမိတ် ✨

ဒီရက်ပိုင်းအတွင်း အကြောင်းတစ်ချို့ချို့သောကိစ္စ လေးတွေကြောင့် ကျွန်တော် crystal အရောင်းပို့စ်လေးတွေတင်တာ ခဏနားထားပါတယ်ခင်ဗျ။ အရောင်းပို့စ်မတင်‌ဖြစ် ‌ ပေမယ့်လဲ ကျွန်တော့် page ကို အမြဲ၀င်ကြည့်ပေးနေသူတွေအတွက် ပိုစ့်လေးတွေပုံမှန်ပြန်တင်မယ်ဆုံးဖြတ်ရင်း ကျွန်တော် လေ့လာရှာဖွေထားတဲ့ ဗဟုသု‌တလေးတွေ ဝေမျှပေးချင်ပါတယ် ။ အခုကျွန်တော်ပြောပြပေးမယ့်ဟာလေးတွေက နေ့စဉ်ဘ၀မှာ အမြဲတစေကြုံတွေ့နေရပေမယ့် သတိမမူမိတဲ့ အကြောင်းအရာလေးတွေဖြစ်တာကြောင့် စာဖတ်သူတွေအနေနဲ့ အနည်းငယ်လောက်ဗဟုသုတအမြင်လေးတွေရသွားစေဖို့လဲ ရည်ရွယ်ပါတယ် ။ အခုပြောပြပေးချင်တဲ့ အကြောင်းအရာလေးတွေကတော့ အိမ်မြှောင်လေးတွေအကြောင်းပါ ။ အိမ်တိုင်းလိုလိုမှာ အိမ်မြှောင်လေးတွေကို တွေ့ရလေ့ရှိပါတယ် ။ အိမ်မြှောင်လေးတွေ စုတ်ထိုးရင်လဲ ပိုက်ဆံရတတ်တယ်လို့ ရှေးလူကြီးတွေက ပြောတာ ကြားခဲ့ဖူးခဲ့ကြပါသလား ။ ဒါကအပြည့်အစုံ အမှန်တော့မဟုတ်သေးပါဘူး ။ အိမ်မြှောင်လေးတွေက ဘယ်နေရာကနေ စုတ်ထိုးတာလဲ ဘယ်နေရာကနေအော်မြည်တာလဲဆိုတဲ့ အပေါ်မူတည်ပြီး ကောင်းကျိုးဆိုးပြစ်လေးတွေရှိပါတယ် ။ အရှေ့Continue reading “✨ အိမ်မြှောင်စုတ်ထိုးခြင်း နိမိတ် ✨”

✨ Malachite ✨

Malachite ဟာ အစိမ်းရောင်ရှိပြီး 4000 BC လောက်က Egypt နဲ့ Israel မှာ စတင်တွေ့ရှိခဲ့တဲ့ crystal တစ်မျိုးဖြစ်ပါတယ် ။ Ancient Egypt , Ancient Greece နဲ့ Ancient Rome မှာ malachite ကို statue အဖြစ်ထွင်းထုပြီးလည်းကောင် ၊ လက်၀တ်ရတနာအဖြစ်လဲ ၀တ်ဆင်ခဲ့ကြပါတယ် ။ Malachite ရဲ့ အဓိပ္ပာယ်ကတော့ Ancient Greek စကားလုံးဖြစ်တဲ့ malache or malakee ကနေဆင်းသက်လာခဲ့ပြီး ” leaves of mallow bush ” လို့ အဓိပ္ပာယ်ရပါတယ် ။ နောက်ထပ် malachite ရဲ့ အဓိပ္ပာယ်တစ်မျိုးကတော့ AncientContinue reading “✨ Malachite ✨”

✨ Green Adventurine ( stone of opportunity ) ✨

Green Adventurine ကိုတော့ stone of opportunity လို့ သတ်မှတ်ထားကြပါတယ် ။ crystal တွေထဲမှာ luckiest အဖြစ်ဆုံးဆိုပြီးလဲ လူသိများပါသေးတယ် ။ အထူးသဖြင့် ငွေကြေးကြွယ်၀ခြင်းအတွက် manifest လုပ်ရာမှာလည်းကောင်း၊ ကိစ္စတစ်ခုခု စတင်လုပ်ဖို့အတွက် အစပျိုးတဲ့နေရာမှာ လည်းကောင်း green adventurine ကို ဆောင်ယူထားရင် အောင်မြင်နိုင်တယ်လို့လဲ ယုံကြည်ကြပါတယ် ။ Green Adventurine ဟာ Luck ကို ဆွဲဆောင်ပေးခြင်းမျိုးမဟုတ်ပေမယ့် ကိုယ့်ရဲ့ ပြုလုပ်နေကြ old pattern တွေ ၊မကောင်းတဲ့အကျင့် အပြုအမူတွေ ၊ စိတ်ပျက်စရာ စိတ်ညစ်စရာတွေကို ဖယ်ရှားပေးပြီး ကောင်းမွန်ခြင်းတွေ ရင့်ကျက်မှုတွေကို သယ်ဆောင်လာပေးပါတယ် ။ အကောင်းမြင်မှုနဲ့ စိတ်အားထက်သန်မှုကို ဖန်တီးပေးပြီး ပြောင်းလဲမှုတွေကိုContinue reading “✨ Green Adventurine ( stone of opportunity ) ✨”

✨ Rose Quartz ( crystal of unconditional love ) ✨

Spiritual ဘက်လှည့်တာများပြီး Crystal တွေအကြောင်းမရေးဖြစ်တာကြာလို့ ကျွန်တော် crystal အကြောင်းလေးတွေ တစ်ရက် တစ်ပုဒ်နှုန်းနဲ့ ပုံမှန်တင်ပေးသွားပါ့မယ် ။ Rose Quartz ( Hyaline quartz ) ကို crystal of unconditional love လို့ သတ်မှတ်ထားကြပါတယ် ။ ပန်းဖျော့ရောင်ရှိပြီး Feminine crystal လို့လဲ လူသိများကြပါတယ် ။ ကမ္ဘာပေါ်က ရှေးကျတဲ့ ကျောက်တွေလိုပဲ rose quartz ကို 800 BC မှာ Assyrians တွေ လက်၀တ်ရတနာအဖြစ် ပုံဖော်ဖန်တီး ၀တ်ဆင်ခဲ့ကြပြီး ထိုအချိန်မှစ၍ လူယဥ်ကျေးမှု တစ်ခုကနေ တစ်ခုထိ ယနေ့ထက်တိုင် ကူးပြောင်းလာကာ ၀တ်ဆင်နေကြဆဲပဲဖြစ်ပါတယ် ။ Ancient timeContinue reading “✨ Rose Quartz ( crystal of unconditional love ) ✨”

Design a site like this with WordPress.com
Get started